ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များအတွင်း မိုးရာသီရေဝပ်တင်ကျန်မှု မရှိစေရေးနှင့် ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များအတွင်း မိုးရာသီရေဝပ်တင်ကျန်မှု မရှိစေရေးနှင့် ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇွန် ၁၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရာသီအတွင်း မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေဝပ်တင်ကျန်မှုများ မဖြစ်ပေါ်စေရေး၊ ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် ပင်မရေနှုတ်မြောင်းများအတွင်း စီးဝင်သည့် လက်တံရေမြောင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၂ ရက် ညနေ (၄)နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး  ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ စက်မှု ကျောင်းလမ်းတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် အရှည်ပေ ၈၀၀ရှိ ရေနှုတ်မြောင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက် နိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် မြို့သစ်ရပ်ကွက်အတွင်း ဒူကထောင်၊ ရမ်ပူ၊ မြို့သစ်ကြီး၊ ကြက်ပေါင်ခြံ ရပ်ကွက် (၄)ရပ်ကွက်အား ဖြတ်သန်းဖောက်လုပ်ထားသည့် ပင်မရေနှုတ်မြောင်းအတွင်း  ရေစီးရေလာကောင်း မွန်ရေး မြောင်းမကြီးတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၏ အမှိုက်နှင့်သစ်ပင်ခြုံနွယ် များ၊ နှုန်းမြေများ ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ယင်းနောက် ဧရာရပ်ကွက်၊ မင်္ဂလာလမ်းတစ်လျှောက် ဧရာ၊ ရန်ကြီးအောင်၊ ဒူကထောင် (၃) ရပ်ကွက်အတွင်း ဖြတ်သန်းဖောက်လုပ်ထားသော ပင်မမြောင်းနှင့် မြောင်းလက်တံများတွင် ရေစီးရေ လာကောင်းမွန်ရေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ် နှစ်စဉ်မိုးရာသီတွင် မြို့ပေါ်ရပ်ကွက်များ ရေဝပ်တင်ကျန်မှုများ ဖြစ်ပေါ်လျက်ရှိရာ အဓိက မြောင်းမကြီးများ ရေစီးရေလာ ကောင်းမွန်ရေး၊ လိုအပ်သည့် နေရာများတွင် မြေပြင်အခြေအနေ စနစ်တကျ တိုင်းတာကွင်းဆင်းစစ်ဆေး၍ ရေနှုတ်မြောင်းများ ဖောက်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။