ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တရုတ်စကားပြောအခြေခံသင်တန်းနှင့် လူငယ်စကားဝိုင်းဆောင်ရွက်မှု၊ ရိုးရာဂျပ်ခုတ် သင်တန်းကျောင်း သင်တန်းဖွင့်လှစ်နေမှုများကို တက်ရောက်အားပေး
မြစ်ကြီးနား ဇူလိုင် ၂ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးဝင်းအတွင်း၌ ၂၀၂၂ခုနှစ် ဇူလိုင် ၃ ရက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ဇူလိုင် ၂ ရက် နံနက် ၈ နာရီတွင် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင် ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရုံးဝင်း ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သန့်ရှင်းရေးဆောင်ရွက်နေ ကြသည့် တပ်ရင်းတပ်ဖွဲ့မိသားစုများအား [&Read More