ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးပါးနှင့်မချမ်းဘော့မြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများတွေ့ဆုံပွဲ၊ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တော်သို့ တက်ရောက် စိုက်ပျိုးပေး

 ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးပါးနှင့်မချမ်းဘော့မြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများတွေ့ဆုံပွဲ၊ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တော်သို့ တက်ရောက် စိုက်ပျိုးပေး

ပူတာအို ဇွန် ၁၅

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများနှင့် ‌ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဇွန် ၁၄ ရက် ညနေပိုင်းက ထရန်ဒမ်းကျေးရွာ နမ်ဆာရ်ခန်းမ၌တွေ့ဆုံပွဲကျင်းပခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်း၊ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင်တို့က ဝန်ကြီးဌာနအလိုက် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များကိုအသီးသီးမိတ်ဆက်ရှင်းလင်း‌ ပြောကြားကြသည်။

ယင်းနောက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ၊ကျေးလက် နေပြည်သူများက   ပညာရေး၊ ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကိုရှင်းလင်းတင်ပြကြရာ ပြည်နယ်၀န်ကြီးများက ကျေး လက်နေပြည်သူများ၏လိုအပ်ချက်များအပေါ်      ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့၀င် များ၊ မချမ်းဘော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ဌာနဆိုင်ရာများနှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ညှိနှိုင်းဖြည့်ဆည်း‌ဆောင်ရွက်ပေးနိုင်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးများသည် ဇွန် ၁၅ ရက် ယနေ့ နံနက် ၈ နာရီက ပူတာအိုမြို့ စက်မှုလက်မှုသိပ္ပံကျောင်းအတွင်း ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်  ပတ်၀န်း ကျင်စိမ်းလန်းစိုပြေလာစေရေးအတွက် ၂၀၂၂-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြ သည်။

          မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊လူမှုကူညီရေးအသင်းအဖွဲ့များ၊ဒေသခံပြည်သူများနှင့်အတူဒေသနှင့် ကိုက်ညီပြီး     မြေဆီ မြေဩဇာတိုးပွားစေကာ အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွမ်းမိုးမှုများကို ထိန်းသိမ်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိ‌စေရေး ပျဉ်းကတိုး (၁၀၀)ပင်၊  သစ်အယ် (၁၀၀)ပင်၊ရေပိတုန်း/သစ်လင်းလွန်း (၁၀၀)ပင် စုစုပေါင်းပျိုးပင်(၃၀၀)ကို တပျော်တပါးစု‌ပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်လာသူများ၏ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

            ထိုမှတဆင့် ပြည်နယ်ဝန်ကြီးများသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားယဉ်ကျေးမှုပြ တိုက်သို့သွား ကွန်ကရစ်လမ်း ရေရှည်ခိုင်ခံ့နိုင်ရေးအတွက် ကွန်းကရစ်လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်းရေ နုတ်မြောင်းတည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။