ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစ်ကြီးနားမြို့၌ ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွား လုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်

 ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစ်ကြီးနားမြို့၌ ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွား လုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်

မြစ်ကြီးနား     ဇွန် ၁၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)တို့ ပူးပေါင်းဖွင့် လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတား အဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်း များကို ဇွန် ၁၃ ရ က် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ဖွင့်လှစ်သည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည် နယ်အတွင်း ကိုဗစ်-၁၉ ကာလအလွန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ ပေါများကြွယ်ဝသည့် သဘာဝအရင်းအမြစ်များကို အခြေခံ၍ ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးစားပေးကဏ္ဍအဖြစ် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်စေရေးအတွက် ဒေသတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍများတွင် ပါဝင်ပတ်သက် သူများ၊ ခရီးသွားဧည့်သည်များ၊ ယခုလို ဒေသခံပြည်သူအလွှာစုံအထိ ဟိုတယ်လုပ်ငန်းကဏ္ဍ အသိ ပညာများ သိရှိစေရန်ဖြန့်ဝေခြင်း၊ စုပေါင်းဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်း၊ စနစ်တကျစီမံခန့်ခွဲနိုင် ခြင်းအားဖြင့် ပြည်နယ်အတွက် သာမက နိုင်ငံတော်အတွက်ပါ ဘက်စုံအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Wun Tawp Garden Hotel တာဝန်ရှိသူအား Health and Safety Protocols (National) အဆင့် အသိအမှတ်ပြုလက်မှတ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)ဥက္ကဋ္ဌထံ ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး (၄၀)တို့အတွက် Health and Safety Protocols (Regional) အဆင့် အသိအမှတ်ပြုလက်မှတ်များ ကို အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများအား နည်းပြဆရာများ၏ သင်တန်းဖွင့်လှစ်သင်ကြားနေမှု ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ယနေ့ ဖွင့်လှစ်သော သင်တန်းများတွင် ပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ဒေသခံစိတ်ပါဝင်စားသူ သင်တန်းသား(၁၂၀)ကျော်တို့တက်ရောက်ကြပြီး  ဟိုတယ်ဆိုင်ရာဝန်ဆောင် မှု(အခြေခံ) သင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး၊ အစားအစာနှင့် အဖျော် ယမကာဝန်ဆောင်မှု သင်တန်းများကို စာတွေ့/ လက်တွေ့ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကာ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းကို (၂)ရက်ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။

          အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ပြည်နယ်အတွင်း လေကြောင်းခရီးစဉ် ဖြင့် လာရောက်လည်ပတ်သူများအတွက် ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များ၊ ခရီးစဉ် ရောက်ရှိမှု စာရင်းဇယားများစသည့် ခရီးသွားဧည်သည်များအတွက် လိုအပ်သည့် သတင်းအချက် အလက်များ ဖြန့်ဝေဝန်ဆောင်မှုပေးနိုင်ရေးအတွက် သတင်းအချက်အလက်ပြန်ကြားရေးကောင်တာ (Information Counter)ကို ယနေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များ အသင်း(မြစ်ကြီးနား)ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

          ကချင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် မေလအကုန်အထိ ဟိုတယ်ပေါင်း (၅၈)လုံး၊ အခန်းပေါင်း (၁၇၇၃)ခန်းအထိ ရှိလာခဲ့ပြီး ခရီးသွားကုမ္ပဏီပေါင်း (၄၃)ခုအထိ တိုးတက်လာကာ ပြည်တွင်းပြည်ပ ခရီးသွားလာမှုအနေဖြင့် ပြည်တွင်းခရီးသည် (၆)သောင်းနီးပါးနှင့် ပြည်ပခရီးသည်(နိုင်ငံခြားသား (၂) ထောင်ကျော် လာရောက်တည်းခို လည်ပတ်ခဲ့ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် တွင်း ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါ၊ ဖီမော် ရေခဲတောင် ခရီးစဉ်များ၊ အင်းတော်ကြီးအိုင်အပါအဝင် အခြား ခရီးသွားများ စိတ်ပါဝင်စားစွာ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသအသစ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။