ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကိုဗစ် -၁၉ ရောဂါကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား
မြစ်ကြီးနား သြဂုတ် ၂၀ကချင်ပြည်နယ် ကိုဗစ်၁၉-ရောဂါ ကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁နာရီ အချိန်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦး ၊ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတဝှမ်း ကိုဗစ်-၁၉ ရောဂါ ကျဆင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာတာနှင့်အညီ ကချင်ပြည်နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါအား တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းချုပ် လာနိုင်ပြီဖြစ်ကြောင်း လာမည့် စက်တင်ဘာလတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကိစ္စရပ်များအား စည်းမျဉ်း၊ စည်းကမ်းများ တင်းကြပ်စွာ နောက်ထပ်တဆင့် […]Read More