ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဗန်းမော် သြဂုတ် ၁၃ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၁၃ ရက်နေ့ တွင် ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ခရိုင်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအသုံးပြုရန် အထောက်အကူပြုပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့သည်။ &Read More