ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၇

          ကချင်ပြည်နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများ၊မြေပြိုကမ်းပြိုမှုများ အပါအဝင် သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များကြောင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့ ခံစားရမှု လျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ ပြန်ရေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သဘာဝဘေး အန္တရာယ်ကို အစိုးရအဖွဲ့၊ တပ်မတော်နှင့် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGO ၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းပြီး ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ သဘာဝဘေးကျရောက်နိုင်ခြေ ရှိ/မရှိ ကြိုတင်အမြဲမပြတ်စောင့်ကြည့်လေ့လာရေးနှင့် သတင်းအ ချက်များလျင်မြန်စွာရရှိရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့် တစ်ပြိုင်နက် ရှာဖွေကယ် ဆယ်ရေး၊ အရေးပေါ်တုံပြန်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်သွားကြရေး၊ ထိခိုက်ပျက်စီး မှုများကို စာရင်းကောက်ယူ၍ မှတ်တမ်းပြုစုခြင်းကိုလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြ ရေး၊ ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကိုလည်းပူးပေါင်းဆောင်ရွက်ကြရေးနှင့်ဘေးအန္တရာယ်ကျရောက်သည့်နယ်မြေများတွင် လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်း အလေးထားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက ပြည်နယ်အ တွင်း သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုအခြေအနေများနှင့် သဘာဝဘေးဖြစ်စဉ်များအတွက် သတင်းအချက်များကို အများပြည်သူသိရှိနိုင်‌ရေး ထိထိမိမိဖြင့် ထုတ်ပြန်ဆောင်ရွက်နိုင်ရေး၊ ဆက် သွယ်မှုစနစ်နှင့် ကယ်ဆယ်ရွေ့ပြောင်းလုပ်ငန်းများအပေါ် ချိတ်ဆက်မှုအားကောင်းစွာဆောင်ရွက် နိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ၊  ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပေးဆပ်သူပရဟိတအဖွဲ့တို့က ပြည်နယ်အတွင်းသဘာဝဘေးဖြစ်ပွားမှု ဖြစ်ရပ်ဖြစ်စဉ်အခြေအနေ များနှင့် နှစ်အလိုက်  ရေကြီးရေလျှံမှု၊ မြေပြိုမှုစသည့် ဖြစ်ရပ်များဖြစ်ပွားခဲ့သည့် အခြေအနေများ အပေါ် ဆောင်ရွက်ခဲ့မှုများ၊ ဆည်မြောင်းနှင့် ရေကာတာများမှ ကြံ့ခိုင်မှုအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများနှင့် သဘာဝဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ် ရေးလုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှု၊ ပြန်လည်နေရာချထားရေးနှင့် ထောက်ပံ့ပေးရေး လုပ်ငန်းများနှင့် ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် ပတ် သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြကြသည်။

          ဆွေး‌နွေးတင်ပြမှုများအပေါ် တိုင်းမှူးက သဘာဝဘေးဖြစ်ပွားမှုများအတွက် စုဖွဲ့ဆောင် ရွက်ရမည့် လုပ်ငန်းများအပေါ် သုံးသပ်ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က  သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဖြစ်စဉ်များ ဖြစ်ပွားနိုင်ခြေရှိသည့် နေရာများမှ သတင်းအချက်များ ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားရေးနှင့် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ နှင့် ဆပ်ကော်မတီများ စနစ်တကျဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေချထား၍ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ရပ်ကွက်ဈေး များတွင် ပဉ္စမအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်းလုပ်ငန်းကို ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးနှင့် မြို့သစ်ကြီးရပ်ကွက် မနက် ဈေးများတွင်  ဈေး‌ရောင်း၊ ဈေးဝယ်ပြည်သူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးခဲ့ကြကြောင်း သိရှိရသည်။