
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန်တည်ဆောက်ရေး ပန္နက်ရိုက်တင်ပေး
မြစ်ကြီးနား မေ ၅ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့်အတူ မြစ်ကြီးနားမြို့၌ ဆောက်လုပ်သွားမည့် နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တစ်ခုဖြစ်ပြီး ရေကူးပြေးလမ်း (၁၀)လမ်းပါသည့် ရေကူးကန်ဆောက်လုပ်နိုင်ရေးအတွက် မေ ၅ ရက် နံနက် ၉ နာရီ တွင် ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။ ရေကူးကန်တည်ဆောက်ရေးစီမံကိန်းကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေကျပ်သန်း (၁၉၀၀)ဖြင့် အလျား(၁၅၀)ပေ၊ အနံ(၇၅)ပေရှိ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူး ကန်တည်ဆောက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံ မြန်မာမိတ်ကာဟုမ်း ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ ဝင်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း…