ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဉစိုက်ပျိုးနည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့ တောင်သူများနှင့်အတူ တက်ရောက်စိုက်ပျိုးပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဉစိုက်ပျိုးနည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့ တောင်သူများနှင့်အတူ တက်ရောက်စိုက်ပျိုးပေး

မြစ်ကြီးနား     ဧပြီ ၂၂

          ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို ခေတ်မီနည်း စနစ်ဖြင့်ထုတ်လုပ်ပြီး စီးပွားရေးကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ဧပြီ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း၌ တောင်သူများအတွက် ဝဉစိုက်ပျိုး နည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက် ရောက်အားပေးခဲ့သည်။

          ဝဉစိုက်ပျိုးရေးနည်းပညာပေးခြင်းသင်တန်းဖွင့်ပွဲတွင် ဝဉစိုက်ပျိုးမည့်တောင်သူများအား ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝမြစ်ချောင်းများ အလွန်ပေါများပြီး စိုက်ပျိုးရေးအတွက် ဖြစ်ထွန်းအောင်မြင်နိုင်သည့် သဘာဝ ရာသီဥတု၊ မြေဆီမြေသြဇာထက်သန်သော မြေဆီလွှာပေါများသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ဖြန့်ဝေလိုက်သည့် ဝဥမျိုးများသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့ နိုင်မည့် အခွင့်အလမ်းများစွာရှိနေသည့်အတွက် တစ်နှစ်ထက်တစ်နှစ်စိုက်ဧရိယာများတိုးချဲ့ပြီး ဝဥပိုမို ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ဝဉကို အခြေခံပြီး ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရေးနှင့်စီးပွားရေးကဏ္ဍဖွံ့ဖြိုးလာစေရေးတို့အတွက် ဌာန ဆိုင်ရာများအပါအဝင် ပြည်နယ်သားအားလုံး၏ စိတ်ကူးဉာဏ်၊ လုံ့လဝီရိယတွေပေါင်းစပ်ပြီး တိုင်းရင်း သားတောင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အားကြိုးမာန်တက်ပူးပေါင်းဆောင်ရွက်ကြမည် ဆိုလျှင် ဖွံ့ဖြိုးတိုးတက်အောင်မြင်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေတို့က ဝဥ စိုက်ပျိုးထုတ်လုပ်ကြမည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်များမှ တောင်သူများ အတွက် ဝဥမျိုးစေ့များကို ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဉ စိုက်ပျိုးရေးတွင်း နည်းပညာနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဦးဆောင်ကူညီသွားမည့် ပြည်နယ်စိုက် ပျိုးရေးဦးစီးဌာနထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် တောင်သူများက ပဲစင်းငုံကို အရိပ်ပင်အဖြစ်အသုံးပြု၍ ဝဉစိုက်ပျိုးမည့်ကွင်းအတွင်း ဝဉများကို တစ်ပျော်တစ်ပါး စုပေါင်း၍ သရုပ်ပြစိုက်ပျိုးပြသကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များသည် ဝဉစိုက်ပျိုးထုတ်လုပ်ကြမည့်တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ စားသုံးသီး နှံများ ဓာတုဓာတ်ကြွင်းလျော့ချရေးနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း၊ သဘာဝမြေသြဇာပြု လုပ်နည်းကွင်းသရုပ်ပြခြင်းများနှင့် ဝဉဖူးတံစေ့စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု၊ ပြည်နယ်စိုက် ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ရာဘာပင်တန်းကြားတွင် ဝဉများ စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအား ပေးခဲ့ကြသည်။