ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများ တက်ရောက်နေသော မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ အစာအချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းသို့ သွားရောက်တွေ့ဆုံအားပေး
မြစ်ကြီးနား မေ ၂၀ ကချင်ပြည်နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူများ အား ကချင်ပြည်နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန် အပင်စိုက်ပျိုးခြင်း၊ အစာချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းကို အဆိုပါ ဦးစီး ဌာန၊ သင်တန်းခန်းမ၌ သင်ကြားပို့ချလျက်ရှိရာ ယနေ့ မေ ၂၀ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။ အဆိုပါ သင်တန်းကို မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြစ်ကြီးနား၊ ဝိုင်းမော်၊ အင်ဂျန်းယန်မြို့နယ်တို့မှ ဒေသခံသင်တန်းသား ၁၅ ဦးတို့ဖြင့် မေ ၁၆ ရက်နေ့မှ စတင်၍ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက စာတွေ့/ လက်တွေ့…