ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများတွေ့ဆုံ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး
မိုးညှင်း ဇွန် ၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရေးဝန် ထမ်းများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ကွင်း ဆင်းဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးညှင်းဗဟိုအကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ခံဒုတိယညွှန်ကြားရေးမှူးက အကျဉ်းထောင်ဆိုင်ရာ အချက်အလက်များ၊ လုံခြုံရေး၊ စီမံအုပ်ချုပ်ရေးနှင့် ထောက်ပံ့ပေးမှုဆိုင်ရာကိစ္စရပ်များ၊ လိုအပ်ချက် များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်ရေးနှင့် လိုအပ်သည်များကို…