ကချင်ပြည်နယ် ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကျင်းပသည့် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား မေ ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မေ၁၃ရက်နေ့ နံနက်၁ဝနာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောက မာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်အရှင်သူမြတ်တို့က မဟာပဌာန်း ရောင်ခြည်တော်ပွင့် ဂါထာဖြင့် ဘုရား ပင့်ဖိတ်ခြင်း ၊ပဌာန်းဒေသနာတော် နာယူကြည်ညိုရန်အတွက် နတ်ဗြဟ္မာများအား ဒေဝနိမန္တနဂါထာ ဖြင့် ပင့်ဖိတ်ခြင်းနှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ…