ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၈ ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များ အနေဖြင့် မြို့နယ်အလိုက် စနစ်တကျစုဖွဲ့၍ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်ကြရေး၊ မြို့နယ်အလိုက် လိုအပ်ချက်များကိုလည်း စိစစ်တင်ပြတောင်းခံသွား ရေး၊ မိမိတို့ တိုင်းရင်းသားများ သည် အမှုမဲ့အမှတ်မဲ့နေတတ်သည့် အလေ့အကျင့်ရှိသည့်အတွက်…