ပြည်နယ်အတွင်း ဟိုပင်မြို့နှင့် နမ္မတီးမြို့တို့တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီလီမိတက်နှင့် တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဇွန် ၁၇ ဟိုပင်မြို့ရှိ ဂလိုင်ချောင်ရေအားလျှပ်စစ်စက်ရုံနှင့် နမ္မတီးမြို့ရှိ နမ့်ခမ်းခရေအားလျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီတာဝန်ရှိသူများက ဇွန် ၁၇ ရက် နံနက် ၁၀ နာရီ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက်ခြင်းဖြစ်သော်လဲ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/သားများ အလုပ်အကိုင်ရရှိရေးနှင့် ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို လည်း အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီ၏ ရေအားလျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးလိုအပ် သည်များကို တင်ပြဆွေးနွေးပေးစေလိုကြောင်း မှာကြားသည်။ ယင်းနောက်ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီမှ ဥက္ကဋ္ဌဒေါ်မရန်ဂျာဆိုင်းခေါန်နှင့် တာဝန်ရှိသူများက အများပိုင်ကုမ္ပဏီလီမိတက်မှ လက်ရှိဆောင်ရွက်လျက်ရှိသော…