ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ချောင်းရှင်းလင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ စနစ်တကျရှင်းလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၃၁ နှစ်စဉ်မိုးရာသီတွင် မိုးကောင်းချောင်းရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ မြစ်ကြီး နား-တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ ရှဒူဇွပ်ကျေးရွာတွင် ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းသည့် ရှဒူဇွပ်(မိုးကောင်းချောင်း) ရှင်းလင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မေ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ချောင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များ တွင် အဓိကအားဖြင့် သစ်တောသစ်ပင်ပြန်းတီးမှု၊ ရွှေ၊ သတ္တု တူးဖော်ထုတ်လုပ်မှုတို့ကြောင့် နှစ်စဉ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ဖားကန့်မြို့နယ်အတွင်းရှိ ရှဒူဇွပ်ကျေးရွာသည်လည်း နှစ်စဉ်ချောင်း ရေမြင့် တက်မှုကြောင့် ရေကြီးနစ်မြှုပ်မှုများကြုံတွေ့နေရသဖြင့် ချောင်းရှင်းလင်းရေးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီအနေဖြင့်…