
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ပြီး စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ကြမည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား လေဆိပ်၌ နှုတ်ဆက်အားပေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၆ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြောင်း သိရ သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ ကလေးဖျာနာကုသဆောင်၌ လူနာများအား ကျန်းမာရေး ဝန်ထမ်းများ၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြပြီး ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားလေဆိပ်၌ နေပြည်တော်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်…