ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
မြစ်ကြီးနား အောက်တိုဘာ ၁၄ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကျင်းပပြု လုပ်ခဲ့ကြရာ အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အမျိုးသမီးအား ကစားဆပ်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အားပေး ကြည့်ရှုခဲ့ကြရာ ပူတာအိုခရိုင်အသင်းက မြစ်ကြီးနားခရိုင်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သည်။ …