ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် SPIC/ACHC ကုမ္ပဏီမှ ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းသို့ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား အောက်တိုဘာ ၂၃ ကချင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသော ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးလျက်ရှိသည့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းသို့ SPIC /ACHC ကုမ္ပဏီမှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အိမ်နီးချင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အကူအညီများအား လက်တွဲကူညီဆောင်ရွက်ပေးလျက်ရှိသည်နှင့်အညီ SPIC/ACHC ကုမ္ပဏီအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ပြည်နယ်အတွင်းရှိ လိုအပ်လျက်ရှိသော ပြည်သူများအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးနှင့်စားသောက်ကုန်များ လှူဒါန်းပေးအပ်ခဲ့ပါ ကြောင်း၊ယနေ့တွင်လည်း ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းသို့ ထောက်ပံ့ငွေများ လှူဒါန်း ပေးအပ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်းနှင့်…