
မြစ်ကြီးနားမြို့ရှိ ဆုတောင်းပြည့်တာဝတိံသာစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကပူဇာမင်္ဂလာနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာကြသော ကချင်ပြည်နယ်ကိုယ်စားပြုအသင်းအား လေဆိပ်၌ ကြိုဆို
မြစ်ကြီးနား အောက်တိုဘာ ၁၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်းရှိ ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့် တာဝတိံသာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကပူဇာမင်္ဂလာနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားများကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်အတွင်းရှိ တည်ထားပူဇော်တော်မူသည့် စေတီတော်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားကို မြစ်ကြီးနားမြို့၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ကျောင်းထိုင်ဆရာတော်များ၊ ကျောင်းတိုက် အသီးသီးရှိ ပင့်သံဃာများ ကြွရောက်တော်မူကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်တော်မူကြကာ ဆရာတော်များထံမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။ ဆက်လက်၍ ဆရာတော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မျက်နားတော်အစရှိသော…