ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များ၏ ပူတာအိုမြို့ ၌ တိုင်းခမ်းတီနှင့် ဂျိမ်းဖော့စာပေယဉ်ကျေးမှုအဖွဲ့များ၊ မချမ်းဘောမြို့ ၌ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံချပြရှင်းလင်းပွဲများပြုလုပ်
မချမ်းဘော မေ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မေ ၁၉ ရက်နေ့တွင် ပူတာအိုမြို့၌ ဂျိမ်းဖောနှင့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလည်းကောင်း၊ မချမ်းဘောမြို့၌ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံချပြရှင်းလင်းပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဂျိမ်းဖော့နှင့် တိုင်းခမ်းတီ စာပေနှင့်ယဉ် ကျေးမှုအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့်(ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်း အင်ရရှိမှုပေါ် မူတည်၍…