ကချင်ပြည်နယ်ဝန်ကြီးချုပ် ရက် ၁၀၀ စီမံချက်ဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်၊ ရှမ်းမျိုးနွယ်စုများ၏ ယာယီတိမ်းရှောင်စခန်းနေပြည်သူများအား ဆန်အိတ်များ ထောက်ပံ့
မြစ်ကြီးနား မေ ၁၄ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ UIDထုတ်ပေးခြင်းလုပ်ငန်းများအား ဆက်လက်ဝန်ဆောင်မှုပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရက် ၁၀၀ စီမံချက်ဖြင့် နေ့ချင်းအပြီးဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူ့များထံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ပြီး အခြေခံကျသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ယနေ့နိုင်ငံတော်အစိုးရသစ်ကာလတွင် ရက် ၁၀၀ စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ အသက် (၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားတိုင်းအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ…