
ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား ဧပြီ ၂၉ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့ပြည်နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ (၁၁၃၇)ဦး နှင့် သေဆုံးသူ (၃)ဦးဖြစ်ပေါ်ခဲ့သည့်အတွက် အခြားပြည်နယ်တိုင်းများနှင့်ယှဉ်လျင် ထိန်းချုပ်ရေး လုပ်ငန်းတွင် အောင်မြင်သည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးလုပ်ငန်းများကို ကော်မတီအလိုက်၊ မိမိတာဝန်အပိုင်းလိုက် တာဝန်ယူ…