
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၃၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၉ နာရီက တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။ ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားကိုးရဆုံးဖြစ်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့်အတွက် အပေါင်းအသင်းမှားခြင်း၊ အတွေးအခေါ်လွဲမှားခြင်းတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲ ခြင်း၊ လောင်းကစားပြုလုပ်သည့် လမ်းမှားမရောက်အောင် မိမိတို့အနေဖြင့် ကြိုးစားထိန်းကြောင်း သွားရမည်ဖြစ်ပါကြောင်း၊ ယခုလို အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ် လူငယ်များကို အညွန့်ချိုးနေသည့်၊ ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးဆိုးကျိုးနှင့်…