
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၁၅ ကချင်ပြည်နယ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့်အတူ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ် ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက နောင်လာမည့် ပညာသင်နှစ်များတွင်လည်း ယခုလို အားကစားပြိုင်ပွဲများကို အစဉ်အလာမပြတ် ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဘာသာရပ်အသီးသီးတွင်…