ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန် မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(ပထမနေ့)သို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၂၂           ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ကချင်ပြည်နယ် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ပထမနေ့)ကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်န်က ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ထပ်ဆင့်ရှင်းလင်းအမှာစကားပြောကြားသည်။           ယင်းသို့ ထပ်ဆင့်ရှင်းလင်းပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ထောင်စု(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး မှလမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ပြည်နယ်၏ စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုရည်မှန်းချက်ပန်းတိုင်ပြည့်မီရေး စီမံချက်ရေးဆွဲဆောင်ရွက်ထားသည့်အတိုင်း အောင်မြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ် ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၀ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်လူရွယ်များ အားကစား ကို ပိုမိုစိတ်ဝင်စားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူ တစ်ရပ်လုံး အားကစားကဏ္ဍတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် ကချင်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍကို ပိုမိုလှုပ်ရှားဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ တွင် တံခွန်စိုက်ဆုဖလားများနှင့် ဆုတံဆိပ်များကို ရယူနိုင်ခဲ့သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့်…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကတ်ဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၁၉           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြ မည့် ပြည်နယ်လက်ရွေးစင်ဘတ်စကတ်ဘောအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်အသင်းနည်းပြ ဦးမျိုးမင်းက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင် ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက ကချင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြှင့်မားရေးအတွက် အစဉ် တစ်စိုက် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ပြီး ယနေ့ ပြိုင်ပွဲဝင်ရောက်ရန်…

Read More

မြစ်ကြီးနား Community Centre ၌ ဒေသခံတိုင်းရင်းသားလူငယ်များ မိသားစုဝင်ငွေတိုးပွားရေး ဖွင့်လှစ်ပေးခဲ့သည့် အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်း သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား     သြဂုတ် ၁၉           ဒေသခံတိုင်းရင်းလူငယ်မောင်မယ်များ အသက်မွေးပညာများ တတ်ကျွမ်းလာစေပြီး မိသားစု ဝင်ငွေတိုးပွားလာစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အမျိုူသမီးအခြေခံစက်ချုပ်သင်တန်းနှင့် ပန်းအလှဆင်နည်းသင်တန်း ဆင်းပွဲကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြလုပ်သည်။           ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယခုလို ဒေသတွင်း လူငယ်မောင်မယ်များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း နည်းပညာများ ဖြစ်သည့် အခြေခံစက်ချုပ်နည်းသင်တန်းနှင့် ပန်းအလှပြင် ပန်းအလှဆင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာဗဟုသုတဆည်းပူးနိုင်ရေး ဆောင် ရွက်ပေးခြင်းစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၉           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်သည့် တစ်သျှူးငှက်ပျောများကို နိုင်ငံ တကာအရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့ဖြန့်ဖြူးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင် ရွက်မည့် လုပ်ငန်းများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းစစ်‌ဆေး၍ ခွင့်ပြုဆောင်ရွက်သွားရန်လိုကြောင်း သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။           ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့် ပြည် နယ်၏ စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး ခွင့်ပြု ချက်တင်ပြလျှောက်ထားလာမှုများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စနစ်တကျကွင်းဆင်းစစ် ဆေးပြီး ခွင့်ပြုပေးနိုင်ရေး တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ…

Read More

အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများရရှိခဲ့သော အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     သြဂုတ် ၁၈           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဂျူဒို အသင်းအနေဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဖလား(၃)ခုလုံး အပြင် အမျိုးသား/အမျိုးသမီးအကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့ပြီး သြဂုတ် ၁၈ ရက် ညနေ ၃ နာရီ ခွဲတွင် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည် သူများက သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုခဲ့ကြသည်။           ရှေးဦးစွာအောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအားမြစ်ကြီးနားလေဆိပ်တွင် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ များ၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက အတီးအမှုတ်အကများ၊ အေရိုးဗစ်၊ ပန်းပွားအက များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။           ထို့နောက် အောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအား မြစ်ကြီးနားလေဆိပ်မှ…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များကို ပေါင်းစပ်၍ လုပ်ငန်းစဉ်စနစ်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းများရေးဆွဲဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၇           နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားမြှင့်တင်ရေး  မတည်လွှဲပြောင်းပေးအပ် ခဲ့သည့် ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပေါင်းစပ်၍ လုပ်ငန်းစဉ်စနစ်များ၊ဆောင်ရွက်ရမည့်နည်းလမ်းများရေးဆွဲဆောင်ရွက်နိုင်ရေး ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပြည်နယ်စီးပွားမြှင့်တင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရန်ပုံငွေမှ ကျပ် ၈ ဘီလီယံ ရရှိခဲ့မှုအပေါ် ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း နှင့်အညီ သုံးစွဲသွားနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံတိုင်းရင်းသားများအတွက် ဖွင့်လှစ်သင်ကြားပေးခဲ့သော အထည်ပန်းပုံရိုက်နှင့် ဆေးရေးပညာသင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၁၇           တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက် မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံတိုင်းရင်း သား/ တိုင်းရင်းသူများအတွက် အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ယူနိုင်ခွင့်ရရှိရေး ဖွင့်လှစ် သင်ကြားပေးခဲ့သော အထည်ပန်းပုံရိုက်နှင့် ဆေးရေးပညာသင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင် ရေးခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံတိုင်းရင်းသားလူငယ်များ အား ယခုလို သက်မွေးနည်းပညာများကို သင်ကြားပေးခြင်းသည် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများအတွက် ဥပဒေနှင့်ညီညွတ်သော အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည် သာမက တန်းတူညီမျှသော အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တိုင်းရင်းသားတို့၏ ဘဝရည်မှန်းချက်များကို ပြည့်မီအောင် ပြုစုပျိုးထောင်ပေးခြင်းလည်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မျိုးဆက်သစ် လူငယ်များအနေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၇            ကချင်ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်း အား ဂုဏ်ပြုကြိုဆိုနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရလက်ထက်တွင် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး အားကစားကဏ္ဍတိုးတက်မြှင့်မားရေး အတွက် အားပေးတိုက်တွန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရလာဒ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုများအပြင် အားကစားနည်းအလိုက် ဆုတံဆိပ် များကိုလည်း ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ အားကစားကဏ္ဍကို ယခုထက်ပိုမိုမြှင့် တင်ဆောင်ရွက်နိုင်ရေးနှင့် ရရှိပြီးအောင်မြင်မှုများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး မိမိတို့အစိုးရအဖွဲ့အနေဖြင့်…

Read More

ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထိရောက်မြန်ဆန်စွာ ကူညီထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၆           ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲ ရှောင်ပြည်သူများသည် မြို့နယ်အတွင်းရှိ ကျေးရွာများအသီးသီးမှ ဘာသာရေးအဆောက်အအုံများ တွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများ အား လတ်တလော နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကူညီထောက်ပံ့မှုများပေးနိုင်ရေးနှင့် ‌ ပြန် လည်ထူထောင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သြဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဆယ်ဇင်းဒေသမှ မိမိတို့၏ တိုက်ပွဲရှောင်ညီအစ်ကိုမောင်နှမများသည် ‌ဟောင်ပါး၊ တာမခံကျေးရွာများရှိ ဘာသာရေး အဆောက်အအုံများ၊ ဓမ္မာရုံများတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိရာ မိမိတို့အနေဖြင့် တိုက်ပွဲ‌ရှောင် မိသားစုများ၏နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ သက်ကြီးဘိုး/ဘွားများနှင့်…

Read More