
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချခဲ့မှုအပေါ် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၂/၂၀၂၂)ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးသို့ တက်ရောက်
မြစ်ကြီးနား ဇူလိုင် ၂၅ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး ကြန့်ကြာမှုမရှိစေရေး၊ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်က ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက် တရုတ် နိုင်ငံသို့ ကုန်စည်စီးဆင်းရေးသည် မိမိတို့ ပြည်နယ်၏ အဓိကလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် ပျမ်းမျှ တစ်ရက်လျှင် ယာဉ်အစီးရေ (၆၀)ခန့်သာ ဝင်ရောက်နိုင်…