ကချင်ပြည်နယ်ဝန်ကြီးချုပ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၂၅

          မိုးစံပါးစိုက်တောင်သူများအတွက် လုပ်အားခသက်သာစေပြီး ဝင်ငွေတိုးပွားလာခြင်း၊ မျိုးစေ့ ကုန်ကျမှုနည်းပါးခြင်း၊ လုပ်သားရှားပါးမှု အခက်အခဲများ လျှော့ချနိုင်စေခြင်းနှင့် လုပ်ငန်းတွင်ကျယ် စေခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်စေရန်အတွက် ကချင်ပြည်နယ်စက်မှုလယ်ယာ ဦးစီး ဌာန၊ အမှတ် (၇၉)စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)မှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက်ရှိ စံပြစိုက်ကွက် ဧက (၁၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

          အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ပြည် နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ရာ စက်မှုလယ် ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်က မျိုးစေ့ချစက်ဖြင့် ပျိုးဗန်းမျိုးစေ့ချပုံ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုများ၊ ကောက်စိုက်စက်၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းမှဖြင့် တောင်သူများ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို လိုက်လံရှင်းလင်းပြသသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧက (၁၀၀)ကွင်းအတွင်း (၆)တန်း သွား ကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့ပညာပေးသရုပ်ပြစိုက်ပျိုးမှုကို ဒေသခံ တောင်သူများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဧက (၁၀၀)ကွင်းအတွင်း မိုးရာသီရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေး ရေနှုတ်မြောင်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ဆောင်ရွက်ရာတွင် လူအားဖြင့် မိုးစပါး စိုက်  ပျိုးခြင်း (၁)ဧက ကုန်ကျစရိတ်ထက် ပိုမိုလျော့ကျစေနိုင်သည့် အပြင် လုပ်အားခသက်သာစေခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန် မလိုအပ်တော့ခြင်း၊ သန်မာ၍ ရောဂါ ကင်းသောပျိုးပင်များ ရရှိခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုအပ်ခြင်း၊ လေဝင်လေထွက် ကောင်းမွန်ပြီး စပါးအထွက်နှုန်း ပိုမိုကောင်းမွန်စေကြောင်း သိရှိရသည်။