မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ် (၄၁)တွင် ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်မှုဖြစ်ပွား
မြစ်ကြီးနား ဧပြီ ၈ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၄၁)တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၄၁)၊ ဦးမြင့်ဇော်ပိုင်ဆိုင်သော ခြံဝင်းတွင် ငှားရမ်းလုပ်ကိုင်သူသည် ခြံဝင်းအတွင်းရှိ ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာပိုက်ဆက်ပြုတ်၍ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့မှုကြောင်း တွဲကားဘောက်ဆာ (၁)စီး၊ ဓာတ်ဆီပေပါ (၁၂) လုံး၊ (၃၀ x၃၀) ပေရှိ သွပ်မိုး၊ အုပ်ညှပ်၊ မြေစိုက် (၁)ထပ်နှင့်(၃၀ x၂၀)ပေရှိ သွပ်မိုး၊ အထပ်သားကာ၊ မြေစိုက်(၁)ထပ် စုစုပေါင်းအဆောက်အဦ (၂)လုံး၊ စုစုပေါင်းမီးလောင်ဆုံးရှုံးမှု တန်းဖိုးငွေကျပ် (၄၅၀၀၀၀၀၀) ခန့်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှု/ သေဆုံးမှုမရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ …