ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး နိုင်ငံတော်သမ္မတ ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်(၁၀၀)ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်း

မြစ်ကြီးနား ဧပြီ ၂၃           နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် Quick Win  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယနေ့မွန်းလွဲပိုင်းတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။           ထိုသို့ တွေ့ဆုံရှင်းလင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများအနေဖြင့် မိမိတို့တာဝန်ကျရာ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအားထည့်ပြီး တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ရက် ၁၀၀ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများ  အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္တောဘာသ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၏ ထပ်ဆင့် ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

မြစ်ကြီးနား ဧပြီ ၂၃           မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရန်အောင်မြင်(ဘုမ္မော)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္တောဘာသ၏ ထပ်ဆင့်ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်ရှိ ပြည့်စုံသုခဓမ္မကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာ‌တော်သံဃာတော်များ ကြွ‌ရောက်တော်မူကြသည်။           ဆက်လက်၍ မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္တောဘာသ အရှင်သူမြတ်အား အဆောင်အယောင်အခမ်းအနားဖြင့် ပင့်ဆောင်တော်မူကြပြီး  အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက…

Read More

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်းနှင့် ရက် (၁၀၀)အတွင်း အကောင်အထည်ဖော်မည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၃ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက် (၁၀၀) ကာလအတွင်း Quick Win လုပ်ငန်းများအား ဝန်ကြီးဌာနအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလေးအနက်ထား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရက်ပေါင်း ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများကိုလည်း ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ ဦးစီးဌာန/ အဖွဲ့အစည်းများအား အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့အားလုံးက စည်းစည်းလုံးလုံးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။          …

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လျှပ်စစ်မီးယာယီပြတ်တောက်နေစဉ်ကာလ အတွင်း ပြည်သူများ အခက်အခဲလျော့နည်းစေရေး ဘုန်းတော်ကြီးကျောင်းများထံ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်း

မြစ်ကြီးနား  ဧပြီ ၂၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ် ကာလအတွင်း ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု လျော့နည်းသက်သာစေရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီများလိုအပ်ချက်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အတူ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့သွားရောက်ပြီး ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကေတုမာလာအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီးယာယီပြတ်တောက်သည့်ကာလအတွင်း ပြည်သူများ အခက် အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအပြင် ဘာသာရေးအဖွဲ့အစည်းများအတွက်ကိုလည်း လျှပ်စစ်မီး၊ ရေရှိရေးအတွက် စက်သုံးဆီ တတ်နိုင်သလောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း လျှောက်ထားတင်ပြပြီး ဝန်းသိုကျောင်းတိုက်အတွက် ဆရာတော်ထံ စက်သုံးဆီတစ်ပေပါ (ဂါလံ…

Read More

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပစေရေး ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စံပြမြို့တစ်မြို့အဖြစ် ဆောင်ရွက်နိုင်ရေး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၂           ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်စေပြီး သန့်ရှင်းသာယာလှပစေ‌ရေး အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် စံပြမြို့တစ်မြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင် သာယာရေးနယ်နမိတ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီး‌ရေလာကောင်းမွန်းရေးသည် အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးအချက်ဖြစ်သည်ကို အားလုံးသိရှိပြီဖြစ်ပါကြောင်း၊ ထို့အတူ ရပ်ကွက်အလိုက် တာဝန်ယူဆောင်ရွက်နေကြမည့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူများနှင့် အနီးကပ်ဆုံးထိတွေ့နေသူများဖြစ်သည့်အတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဓိကကျသူများဖြစ်ပါကြောင်း၊ သန့်ရှင်းသည့် ရပ်ကွက်၊ သန့်ရှင်း သည့်မြို့သည် အုပ်ချုပ်သူနှင့်နေထိုင်သူများ၏ စည်းကမ်းရှိမှုကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်း အသားတိုးကြက်မွေးမြူရေးခြံများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၂           ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ မွန်းလွဲ (၁)နာရီက မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စုအတွင်း ငွေပျော်စံပြကျေးရွာသွားလမ်းဘေးရှိ ပုဂ္ဂလိကပိုင် အသားတိုးကြက်မွေးမြူရေးခြံများ သို့ သွားရောက်ပြီး ကြက်ခြံစုစုပေါင်း ၃ ခြံအတွင်း ကြက်သားပေါက်၊ ကြက်လတ်နှင့် ကြက်ကြီးကောင်ရေ တစ်သောင်းကျော် မွေးမြူထားရှိမှု၊ တိုးချဲ့ ကြက်ခြံသစ်များအပြင် နွားခြံများတည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ကြက်သားပေါက်နှင့် ကြက်စာမှာယူတင်သွင်းနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ယခုလို စနစ်တကျမွေးမြူခြင်းအားဖြင့် ဒေသတွင်း အသားစားသုံးမှုဖူလုံရေးကို အထောက်အကူပြုမည်ဖြစ်သည့် အပြင် တိုးချဲ့မွေးမြူလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပလန(၅)ကျေးရွာအတွင်း နှစ်ပေါင်းကြာမြင့်ပြီး အသုံးမပြုတော့သည့် ငါးမွေးမြူရေးစခန်းနေရာသို့ သွားရောက်ပြီး အဆောက်အအုံဟောင်းများ၊ ငါးသားဖောက်ဆေးထိုးကန်များ၊ ငါးကန်များ အခြေအနေများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ လျှပ်စစ်မီး အခက်အခဲဖြစ်ပေါ်မှု လျော့ နည်းစေရေး လျှပ်စစ်ဓာတ်အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရက်သတ္တပတ် နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့်ရေအခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ  ဧပြီ ၁၈ ရက် ညနေ ၅ နာရီကလည်း မြစ်ကြီးနားမြို့ပေါ်၌ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           ထိုသို့ ပြည်သူများ ပြန်လည်အားသွင်းအသုံးပြုနိုင်သော လျှပ်စစ်ဆိုင်ရာပစ္စည်းများ အားသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ရန်ကြီးအောင်ရပ်ကွက်၊ မီးစက်ဝင်းအတွင်း လျှပ်စစ်ဌာနမှ ပြည်သူများ၏ နေ့စဉ်လျှပ်စစ်မီးဖြင့် အသုံးပြုသည့် EV ဆိုင်ကယ်၊ ဖုန်း၊ Power Bank…

Read More

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လျှပ်စစ်မီးပြတ်တောက်မည့် အချိန်ကာလအတွင်း ပြည်သူများ သောက်သုံး ရေ/ ချိုးရေလုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ ဖြန့်ဝေပေးသွားမည်

မြစ်ကြီးနား     ဧပြီ ၁၈           ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးအဓိကဖြန့်ဖြူးပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ရက်သတ္တပတ် နှစ်ပတ်ခန့်ဆောင်ရွက်မည်ဖြစ်သဖြင့် အဆိုပါ ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သောကြောင့် ပြည်သူများ သောက်သုံးရေ၊ ချိုးရေလုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ဖြန့်ဝေပေးနိုင် ရေး ယနေ့ နံနက် ၇ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ရေရရှိရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။           အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ပြည်သူများထံ အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ် သည့်အတွက် ပြည်သူများ လျှပ်စစ်မီး အခက်အခဲ လျော့နည်းစေရေး ပြည်နယ်အစိုးရအဖွဲ့က စီမံချက် များ ရေးဆွဲဆောင်ရွက်နေပြီဖြစ်သည့်အပြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ဆောင်ချိန်တွင် ပြည်သူများ လျှပ်စစ်မီး အခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး မြို့ပေါ်ရပ်ကွက်များအလိုက် ပြည်သူများ လျှပ်စစ်ဓာတ်အားသွင်းခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ရေဖူလုံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဧပြီ ၁၈           ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကို ဧပြီ ၁၈ ရက်နေ့က စတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်ကာလအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူများ အခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၁၇ ရက် ည ၈ နာရီက မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ လူဦးရေထူ ထပ်ပြီး ရပ်ကွက်ဧရိယာကျယ်ဝန်းသည့် စီတာပူရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ သွေးလှူဒါန်းပွဲများသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၁၇           မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတ ဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် သွေးလှူဒါန်းပွဲများ စသည့် ကုသိုလ် ကောင်းမှုပြုသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာနေရာအသီးသီး၌ ကျင်းပပြု လုပ်ခဲ့ကြသည်။           ရှေးဦးစွာ သက်ကြီးဘိုး/ဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြပြီး အသက် (၈၀)နှစ်နှင့်အထက် အခမ်းအနားတက်ရောက်ကြသည့် အဘိုး အဘွား ၁၀၀ ဦးတို့အား မြန်မာ့ဓလေ့ထုံးစံနှင့်အညီ မြို့တော်ခန်းမဝင်းအတွင်း ကုသိုလ်ပြု ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ လက်သည်း၊ ခြေသည်း လှီးညှပ်ပေးခြင်း၊…

Read More