တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ၊ လွှတ်တော်ကော်မတီ (၃)ရပ် အတည်ပြုဖွဲ့စည်း
မြစ်ကြီးနား ဧပြီ ၂ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး တတိယနေ့အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကြသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြအုန်း ဖားကန့်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၉)ဦးတို့ဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးချန်းဂျောင်ဆားရ်၊ ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် (၇)ဦးတို့…