ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေးအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်အားပေး
မြစ်ကြီးနား အောက်တိုဘာ ၁၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်နိုင်ရေး အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဖိုင်ဘာစက်လှေနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်သည်။ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့ပြီးလျှင် ဝိုင်းမော်မြို့သည် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မြို့တစ်ခုဖြစ်သည့်အတွက် တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု မြန်ဆန်လာမည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်မှ ယခုလို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ [&Read More