ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့၌ တည်ဆောက်ပြီးစီးသည့် အမှတ် (၂)ဈေးသစ်ဖွင့်လှစ်ပေးပြီး အား/ကာသိပ္ပံကျောင်းမြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့၌ တည်ဆောက်ပြီးစီးသည့် အမှတ် (၂)ဈေးသစ်ဖွင့်လှစ်ပေးပြီး အား/ကာသိပ္ပံကျောင်းမြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၁၂

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည် ဆောက်ပြီးစီးသည့် အမှတ်(၂)ဈေးသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီ တွင် ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၊ ဝါရှောင်သွားလမ်းမဘေးရှိ အဆိုပါ ဈေးသစ်အဆောက် အအုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။

          ဈေးသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး က အမှတ် (၂)ဈေးသစ် တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ် (၂)ဈေး သစ်ကို တာဝန်ယူဆောက်လုပ်ခဲ့သည့် မြစ်ကြီးနားညီအစ်ကိုများစပ်တူကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်း ချမ်းက အမှတ် (၂)ဈေးသစ် တာဝန်ယူတည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

          ထို့နောက် အမှတ် (၂)ဈေးသစ်ကို ပြည်နယ်အစိုရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်းချမ်း၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမှတ် (၂)ဈေးသစ်အတွင်း ဆိုင်ခန်းပေါင်း ၃၁၁ ခန်း ဖြင့် ဖွဲ့စည်းတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ပျံကျဈေးဆိုင်ခန်းများနှင့် ဈေးခေါင်းရုံး၊ မီးဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဈေးအတွင်း သား/ငါးရောင်းချမှုကို အားပေးခဲ့ကြသည်။

          အဆိုပါ ဝိုင်းမော်မြို့ အမှတ် (၂)ဈေးသစ်ကို လိုအပ်ချက်အရ စည်ပင်သာယာရေးအဖွဲ့ပိုင် ၂.၃၆၂ ဧကပေါ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏကျပ်သန်း ၂၅၀၈.၁၆ သန်းဖြင့် ၇.၅.၂၀၂၀ ရက်နေ့မှ စတင်၍ ပျံကျဈေးဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၃၃၁ ခန်းဖြင့် တစ်ထပ်အဆောက်အဦ ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ ကားကြီးကွင်းတည်ဆောက်နိုင်ရေးအတွက် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဗန်းမော် မြို့ ကားကြီးကွင်းမြေနေရာနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေအကြံပြုချက်များနှင့် အညီ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီလုပ်ငန်းရှင်များအပေါ် ကူညီဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်း တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့သားသမီးများ၊ အနာဂတ်ဦးဆောင်ကြမည့် လူငယ်မောင်မယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်သူများဖြစ်စေရေး၊ ကချင်ပြည်နယ်၏ အနာဂတ်အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ယခုလို အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမြေနေရာကို သတ်မှတ်နိုင်ခဲ့ ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ပိုင်ဆိုင်သည့် သီးနှံများကို စွန့်လွတ်ပေးခဲ့သည့် တောင်သူများအား ကျေးဇူးတင်ကြောင်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အား/ကာသိပ္ပံကျောင်းမြေနေ ရာအတွင်း ပါဝင်သည့် သီးနှံစိုက်တောင်သူ (၄)ဦးတို့အား ၎င်းတို့ပိုင်ဆိုင်သည့် သီးနှံပင်များ၏ တန်ဖိုးအလိုက် နစ်နာကြေးအဖြစ် စုစုပေါင်းလျော်ကြေးငွေကျပ် ၁၃၂၃၅၂၂၇ ကျပ်ကို ပေးအပ်ရာ တောင်သူများက သီးနှံပိုင်ဆိုင်မှုစာရင်းစာချုပ်ကို ပြန်လည်ပေးအပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌထံ ကျောင်းမြေနေရာ နယ်နိမိတ်ကျောက်တိုင်စိုက်ထူမည့် ကုန်ကျစရိတ်ငွေကျပ် ၉၅၆၅၀၀ ကို ပေးအပ်ခဲ့ကြသည်။