ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေးအတွက် လျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေးအတွက် လျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၉

          ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေး မြေနေရာရရှိရေးအတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်-၄ ယောရင်းကွင်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ၆၀.၉၂၀ ဧကကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အေးမြသာယာရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘောလုံးကွင်းဘေးရှိ မြေနေရာတို့အား ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် မြေနေရာအကျယ်အဝန်းရရှိနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြေနေရာရရှိရေးအတွက် စိစစ် တင်ပြကြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။