ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေးအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေးအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၅

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်နိုင်ရေး အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဖိုင်ဘာစက်လှေနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်သည်။

          ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့ပြီးလျှင် ဝိုင်းမော်မြို့သည် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မြို့တစ်ခုဖြစ်သည့်အတွက် တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု မြန်ဆန်လာမည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်မှ ယခုလို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှ ကေသီမာက ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် က မြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖိုင်ဘာစက်လှေ (၂)စီး၊ အသက်ကယ်အင်္ကျီအထည် (၅၀)နှင့် အသက်ကယ်ကြိုးခွေ (၅)ခွေတို့ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကလက်ခံရယူကြပြီး မြို့မိမြို့ဖဦးကြည်ထွန်း က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ခဲ့သည့် ဖိုင်ဘာစက်လှေ (၂)စီးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးအန္တရာယ်အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ထားရေး မြို့နယ်တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်းဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ်အကြို အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။

          ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့လက် ထက်တွင် အားကစားကဏ္ဍကို ယခင်ကထက်ပိုမိုအားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောင် တချိန်တွင် ပြည်နယ်၏ အနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်များအနေဖြင့် အားကစားမှတဆင့် ဇွဲရှိခြင်း၊ ဝီရိယရှိခြင်း၊ အချင်းချင်းရိုက်ပင်းကူညီခြင်း၊ မှန်ကန်သော စိတ်ဓာတ်ရှိခြင်း၊ ပြိုင်ဘက် အပေါ်လေးစားတတ်ခြင်း စသည့် အလေ့အကျင့်ကောင်းများဖြင့် ဘဝကို အကောင်းဆုံး ကြိုးစား တည်ဆောက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြိုင်ပွဲဝင် အသင်း (၂၄)သင်းမှ အသင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အား ပေးခဲ့ကြပြီး ခြင်းလုံးများကို ဖြန့်ဝေပေးအပ်ခဲ့ကြကာ ပြိုင်ပွဲပထမပွဲစဉ်အဖြစ် ဧရာကလပ်အသင်း နှင့် မိုးကောင်းကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်း များအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အဆိုပါ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုင်ဝင်ဘာလအတွင်း ကျင်းပ ပြုလုပ်သွားမည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အကြိုကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ (၄)ရက်ကြာ အသင်းပေါင်း ၂၄ ဖြင့် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။