နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း‌အစည်းအဝေးနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

 နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း‌အစည်းအဝေးနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     အောက်တိုဘာ ၁၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် များအား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည် နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်အစိုးရအနေဖြင့် ဦးတည်ချက် (၉)ရပ်၊ ‌ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်များအပေါ် အလေးထားလိုက်နာ၍ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများအပေါ် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်း ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြား ချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့်  ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် မြို့ပြများတွင် ဖြစ်ပွားမှု လျော့ကျလာသည်ကို တွေ့ရှိရသော်လည်း ကျေးရွာများတွင် ဖြစ်ပွားမှုမြင့်မားလာသည်ကို တွေ့ရှိရသည့်အတွက် ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းအပါအဝင် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ နယ်မြေအလိုက် ဖြစ်ပွားမှုအခြေအနေများနှင့် ကာကွယ်ထိန်းချုပ်နိုင်မှုအခြေအနေများကို သုံးသပ်ရှင်းလင်းဆွေးနွေးသည်။

ထိုနောက် တက်ရောက်လာကြသည့် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ လူမှုကူ ညီ‌ရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက  ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေ အနေအပေါ်  ကာကွယ်ထိန်းချုပ်ကုသရေးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများ၊ အောက်ဆီဂျင်လိုအပ်ချက်၊ ရောဂါပိုးစစ်ဆေးကုသ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု လျော့ချရေးအတွက် ရောဂါရှာဖွေစစ်ဆေးနိုင်ရေး၊ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ် ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ ကာကွယ်ကုသရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး နှင့် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

အစည်းအဝေးအပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် ပြည်နယ်ပြည်သူ့အားကစား ကွင်းအတွင်း စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အသက်(၂၅)နှစ်ပြည်နယ်လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့် ပြည်နယ်လက်ရွေးစင်အသင်းဟောင်းတို့၏ လေ့ကျင့်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး လက်ရွေးစင်ဘောလုံးအသင်းအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင် ရွက်ခဲ့ကြသည်။