ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး
ပူတာအို ဧပြီ ၂၈ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုဒေသ အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧပြီ ၂၇ ရက်တွင် နံနက်ပိုင်းမှ စ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ပူတာအိုတပ် နယ် ၂၅ ကုတင်ဆံ့တပ်မတော်ဆေးရုံသို့ သွားရောက်ပြီး တပ်မှူး၊ ဆရာဝန်/သူနာပြုများနှင့် တွေ့ဆုံကာ ပြည်နယ်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများ CDM ဆောင်ရွက်နေကြသဖြင့် တပ်မတော်မှ ပြည်သူများအတွက်ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကျေးဇူး တင်ရှိကြောင်း၊ ဆေးဝါးပစ္စည်းများ လုံလောက်မှုရှိစေရေးအတွက် လိုအပ်သည့်အကူအညီများကို အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်ဆေးရုံအတွက် ဆေးပဒေသ ပင်ထောက်ပံ့ငွေကျပ် (၂၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့်…