
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီး စီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်းနှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကမ္ဗည်းတိုင် နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေး၊ ပဉ္ဇမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့် ကျောက်စိမ်း၊ ကျောက်စာကဗ္ဗည်းတိုင်နှင့် ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ လူထုစုပေါင်း စက်ဘီးစီးနှင်းပွဲကို မနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းရှေ့မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားပေးခဲ့ကြပြီး စက်ဘီးစီးနှင်းသူများသည် အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေ လမ်းတစ်လျှောက် ဘူတာရုံရှေ့မှတစ်ဆင့် အဆိုပါ လမ်းကြောင်းအတိုင်း အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြကာ ဘောလုံးကွင်း ပြေးလမ်း၌ စီးနှင်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချူပ်နှင့်…