ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံရေကူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံရေကူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉

          (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်ထောင်စုနေ့ ဦးတည်ချက်များနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိ သူများနှင့် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

          ထိုသို့ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စု နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား၊ နေပြည်တော်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် ကျင်းပပြုလုပ်မည့် အထိမ်းအမှတ်အခမ်းအနား၊ ပြခန်း၊ ဒေသထွက် အစားအစားပြခန်းများပြသနိုင်ရေး ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး စီစဉ် ဆောင်ရွက်နေကြပြီ ဖြစ်သည့်အတွက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရရှိရှိဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှုကိုပြသနိုင်စေရေး ဆောင်ရွက်ကြရန်နှင့်  ပြည်နယ် အခမ်းအနားတွင်လည်း  ရိုးရာမနောအက ကိုပါ ထည့်သွင်းကျင်းပနိုင်ရေး တာဝန်ရှိသူများ အနေဖြင့် အချင်းချင်းပေါင်းစပ်ဆောင်ရွက်ကြရန်လို ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်းဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက် များနှင့် ညှိနှိုင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီး ချူပ်က လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာရေကူးကန်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ရေကူးဆပ်ကော်မတီတို့ ပူးပေါင်း၍ သင်တန်းသား (၂၀၀)ကျော်ဖြင့် (၁)လကြာ ဖွင့်လှစ်သင်ကြားသွားမည့် အခြေခံရေကူး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          ရှေးဦးစွာ ရေကူးသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရေကူးနည်းပြများက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ရေကူးသင်တန်းဖွင့် လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်နယ်၏ ဂုဏ်ယူစရာဖြစ်သည့် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများတွင် ပထမဆုံးတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့် အကြီးဆုံးရေကူးကန်သစ်တွင် ပထမဆုံး ဖွင့်လှစ်နိုင်သည့် သင်တန်းဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်တွင် ရေကူးအကျော်အမော် ဦးတင်မောင် နီကဲ့သို့ နာမည်ကြီးရေကူးအားကစားသမားကို မွေးထုတ်ပေးနိုင်ခဲ့သည့် အစဉ်အလာ ကောင်းများ ပိုင်ဆိုင်ခဲ့ကြသည့် ပြည်နယ်တစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုး မျိုးကြောင့် ရေကူးအားကစားတွင် မျိုးဆက်သစ်ရေကူးသမားများ မွေးထုတ်နိုင်မှုမရှိခြင်း၊ ‌ရေကူး သင်တန်းများ ဖွင့်လှစ်နိုင်မှုမရှိသည့်အတွက် အောင်မြင်မှုနည်းပါးလာခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့ သင်တန်းတက်ရောက်လာကြသူများအနေဖြင့် ဆရာများ၏ သင်ကြားပြသမှုများကို ဂရုတစိုက် လေ့ကျင့်သင်ယူပြီး ရေကူးအားကစားနည်း ကျွမ်းကျင်သူများဖြစ်လာစေရန်နှင့် ပြည်နယ်၏ ရေကူး အားကစားနည်း ပြန်လည်မြင့်တင်လာစေရေး ကြိုးစားသင်ယူကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများက ရေကူးသရုပ်ပြသမှု များကို ကြည့်ရှုအားပေးခဲ့ကြပြီး သရုပ်ပြရေကူးသမားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။