မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများနှင့် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင်သူများသို့ မျိုးစေ့၊ ပျိုးပင်၊ လုပ်ငန်းသုံး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲများကျင်းပ

 မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများနှင့် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင်သူများသို့ မျိုးစေ့၊ ပျိုးပင်၊ လုပ်ငန်းသုံး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲများကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်း ပွဲတို့ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ရုံးသို့ လာရောက် သည့် ပြည်သူများနှင့် ဝန်ထမ်းများ အပန်းဖြေအနားယူနိုင်ရေး တည်ဆောက်ခဲ့သည့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို ရုံးဝင်းအတွင်းရှိ အဆိုပါဥယျာဉ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့က Stone Garden ပန်းဥယျာဉ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး တက် ရောက်လာကြသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပန်းဥယျာဉ်အတွင်း အင်ကြင်းကျောက်များ၊ အလှပန်းပင်များဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့အားကစားကွင်း အတွင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူရှူး၊ မြန်မာ့သိုင်းနှင့် ကျို့ရှင်းကရာတေး စသည့် အားကစားနည်းများမှ ကိုယ်ခံ ပညာပေါင်းစုံသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ သရုပ်ပြပွဲသည် ကချင်ပြည်နယ်၏ သမိုင်း တွင် ကိုယ်ခံပညာအဖွဲ့များစုံလင်စွာနဲ့ လူအင်အားများပြားစွာပြသနိုင်သည့် ပွဲတစ်ပွဲအဖြစ် မှတ်တမ်း တင်ရမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ ယုံကြည်မှု၊ ရဲရင့်မှုများနှင့် ကိုယ် ရည်ကိုယ်သွေးမြင့်မားမှုများသည် ပြည်နယ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တိုက်ရိုက်သက်ဆိုင် သည်ဖြစ်သည့်အတွက် လူငယ်ကဏ္ဍကိုလည်း ယခုကဲ့သို့ အထူးအလေးပေးဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ သရုပ်ပြပွဲအတွက် ကိုယ်ခံပညာပေါင်းစုံ အားကစားနည်းများဖြစ်ကြသည့် လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူးရှုး၊ မြန်မာ့သိုင်းနှင့် ကျို့ရှင်းကရာတေးအဖွဲ့များက ဘောလုံးကွင်းအတွင်း သတ်မှတ်နေရာအလိုက် အားကစားနည်းတစ်ခုချင်းစီအလိုက် ကိုယ်ခံပညာ စွမ်းရည်များကို လက်တွေ့သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ  စုစုပေါင်းကျပ် ၂၂ သိန်းကို ထောက်ပံ့ပေးအပ်ကြသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ် နည်းပြ/ သရုပ်ပြဆရာ၊ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွေးလှူဒါန်းနေကြသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အဟာရဖြစ် စားသောက်ဖွယ် ရာများကို  ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သွေးလှူဒါန်းပွဲတွင် ပါဝင်ကူညီပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် တက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် နောင်နန်းရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပြုပလုပ်သည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင်သူများသို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့များ၊ ပျိုးပင်များ၊ နည်းပညာပေး စာအုပ်များ၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသုံးကိရိယာ ထောက်ပံ့ပေးအပ်ပွဲနှင့် ပူတာအို‌‌ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယနေ့မက္ကဒေးမီးယားပျိုးပင် နှင့် မက္ကဒေးမီးယားထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများကို ထောက်ပံ့ပေးအပ်ခြင်းသည် ဒေသခံ တောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းတစ်ခုဖြစ်သလို MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလာမည်ဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့် ရရှိသည့် အခွင့်အရေးများကို အကျိုးရှိရှိအသုံးချပြီး ပြည်နယ်အတွက် အားထားရသည့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်ထွန်းမြင့် မဲခေါင်-လန်ချန်းစီမံကိန်းလုပ်ငန်းများနှင့် အထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်များအတွက် ထောက်ပံ့ပေးအပ် သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ် တောင်သူများအတွက် မက္ကဒေးမီးယား အခွံစိမ်းခွာစက်၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ကျင်းတူးစက် နှင့် ကော်ဖီကိုင်းဖြတ်ပုံသွင်းကိရိယာတို့အားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်က ဘက်ထရီဆေးဖျန်းပုံး၊ မက္ကဒေးမီးယားအခွံမာခွဲကိရိယာနှင့် ကော်ဖီသီးမှည့် အချိုဓာတ်တိုင်းကိရိယာတို့အား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ  ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဘက်မျိုးစေ့၊ ကော်ဖီမျိုးစေ့နှင့် ပိုက်ဆံလျှော်မျိုးစေ့များကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ ပေးခဲ့ကြသည့် စိုက်ပျိုးထုတ် လုပ်မှုသုံး စက်ကိရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၏ ဝါနှင့်လျှော်မျှင် သီးနှံဌာနခွဲရုံး၊ မြစ်ကြီးနားပိုးစာခြံ၌ ကချင်‌ဒေသထွက် ရိုးရာအထည်ထုတ်ကုန်များအတွက် ပိုးချည် ကုန်ကြမ်းထုတ်လုပ်မှု တိုးတက်မြန်ဆန်လာစေရေး ပိုးချည်ထုတ်လုပ်သည့် ခြေနင်းစက်သစ်နှင့် စပ်လျဉ်း၍ ဌာနခွဲတာဝန်ခံအရာရှိ၏ တင်ပြမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်အတူ ခြေနင်းစက်သစ်ဖြင့် ပိုးချည်ထုတ်လုပ်ခြင်း သရုပ်ပြမှုနှင့် ပိုးစာလက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးခဲ့ကြကာ စိုက်ပျိုးရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြ ကြောင်း သိရှိရသည်။