ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သဘာဝအတိုင်းပေါက်ရောက်သည့် ဝါးကို အခြေခံ သည့် စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစုအဖွဲ့အသီးသီးနှင့် ပူးပေါင်း၍ ခရိုင်အလိုက် ဒေသဝါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သဘာဝအတိုင်းပေါက်ရောက်သည့် ဝါးကို အခြေခံ သည့် စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစုအဖွဲ့အသီးသီးနှင့် ပူးပေါင်း၍ ခရိုင်အလိုက် ဒေသဝါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈

          ကချင်ပြည်နယ်အတွင်း သဘာဝအတိုင်း ပေါက်ရောက်သည့် ဝါးကို အခြေခံသည့် စက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသမျိုးရင်းဝါးမျိုးများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အကြီး အကဲက သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် သတ်မှတ်ဝါးမျိုးများကို နေရာများသတ်မှတ်ပြီး စိုက်ပျိုးသွားရန် လမ်းညွှန်မှုပြုခဲ့ပါသ ဖြင့် မိမိတို့ပြည်နယ်အတွင်း ဝါးပျော့ဖတ်ဖြင့် နှစ်ဖက်ချောစက္ကူထုတ်လုပ်နိုင်သော စက်ရုံတည် ဆောက်နေပြီဖြစ်သည့်အတွက် ဒေသတွင်း ပေါက်ရောက်သည့် ဝါးမျိုးများကို သက်ဆိုင်ရာခရိုင် အလိုက် နေရာသတ်မှတ်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင် ရွက်ရာတွင် အစုအဖွဲ့များနှင့် ပူးပေါင်း၍ ဝါးစိုက်ကွက်များ ဖြစ်ထွန်းအောင်မြင်စေရေး ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင်အလိုက် နေရာများသတ်မှတ်၍ ဝါး စိုက်ပျိုးဆောင်ရွက်သွားနိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဒေသတွင်း ပေါက်ရောက်သည့် ဝါးဘိုးဝါး၊ ဝါးနက်ဝါး၊ မျှင်ဝါး၊ ကျသောင်းဝါး၊ တင်းဝါး၊ ထီးရိုးဝါးများကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်မည့် အခြေအနေများနှင့် တောင်သူ၊ ကျေးရွာ အစုအဖွဲ့များဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဝါးစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းနိုင်ရေး၊ ခရိုင်အလိုက် လျာထားဧကထက် ပိုမိုတိုးမြှင့် စိုက်ပျိုးသွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဝါးစိုက်ပျိုးရာတွင် ဒေသတွင်း အစုအဖွဲ့များ၊ အဖွဲ့အစည်းများဖြင့် စည်းရုံးလှုံ့ဆော်ပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ သတ်မှတ်ဖွဲ့စည်းနိုင်ရေးစသည့်လိုအပ်ချက်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ချေးငွေအကြံပေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်သည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် လာ‌စေရေး လိုအပ်သော အရင်းအနှီးများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ များ၊ ဖွံ့ဖြိုးရေးချေးငွေများ၊ ယခုအခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်မှုများအတွက် ချေးငွေများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် ခရိုင်/မြို့နယ်ဘဏ်ခွဲများတွင် အချိန်စေ့လွန်ကြွေး ကျန်များ လျော့နည်းကျဆင်းရေး၊ ပိုမိုထိရောက်စွာ ကောက်ခံရရှိရေး နည်းလမ်းများ ရှာဖွေပြီး စည်း ရုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ချေးငွေများထုတ်ချေးထားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကချင်ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ချေးငွေများ ထုတ် ချေးထားရှိမှု အခြေအနေများ၊ အချိန်စေ့လွန်ကြွေးကျန်များ ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများနှင့် အကြံပေးအဖွဲ့များမှ ဆောင်ရွက်သွားရမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ချေးငွေများနှင့် စပ်လျဉ်း၍ ကြွေးကျန်ပုဂ္ဂိုလ်များကို စနစ် တကျစိစစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းရုံးဆောင်ရွက်ခြင်း၊ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။