ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေနှင့် ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏    ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေနှင့် ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈

          ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသို့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် အဖွဲ့ဝင်များအတွက် မတည်ရင်းနှီး ငွေများ၊ အဖွဲ့ဝင်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အဖွဲ့အနေဖြင့် မွန်မြတ်သည့်ရည်ရွယ်ချက်များနှင့် အခြေခံမူများ၊ ရှေ့လုပ်ငန်းစဉ် များချမှတ်ပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အမျိုးသမီး များဘဝသာယာရေး၊ လူမှုဘဝလုံခြုံရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးတို့အတွက် အမျိုးသမီးရေးရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ကျေးလက်ဒေသများတွင် အဖွဲ့ဝင်များ အနေဖြင့် ကျေးရွာအုပ်စုများနှင့် ပူးပေါင်းပြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ လူနေမှုအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြား သည်။

          ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးက ပြည်နယ်အတွင်း အမျိုးသမီး များနှင့်ကလေးငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြပြီး နာယကအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်ဒေါင်နန်းနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး၏ဇနီး ဒေါ်သွဲ့လေးအောင်တို့က အလှူရှင်များကိုယ်စား ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့အတွက် အလှူငွေကျပ် (၄၅)သိန်းကို လှူဒါန်းပေးအပ်ပြီး နာယကအဖွဲ့ဝင်များနှင့် ဥက္ကဋ္ဌတို့က ပြည်နယ်အတွင်း ရန်ပုံငွေနည်းပါသည့် မြို့နယ်နှင့် မြို့များအဖွဲ့ဝင်များအတွက် မတည်ရင်းနှီးငွေကျပ် ၃၀၀၀၀၀ စီဖြင့် စုစုပေါင်း မြို့နယ်နှင့်မြို့ (၈)ခုအတွက် ငွေကျပ် ၂၄၀၀၀၀၀ နှင့် အဖွဲ့ဝင် ဝတ်စုံများ၊ အဖွဲ့ဝင်ကတ်နှင့် ရင်းထိုးတံဆိပ်များကို ခရိုင်အလိုက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အလားတူ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအတွက်ကို လည်း နာယကအဖွဲ့ဝင်များနှင့် ဥက္ကဋ္ဌတို့က ရင်းနှီးမတည်ထောက်ပံ့ငွေများ၊ အသင်းဝင်ကတ်၊ ရင်ထိုး တံဆိပ်နှင့် အသင်းပိုင်သားဖွားခန်းမများအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ခရိုင်ဥက္ကဋ္ဌများက ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။