ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၁၃ ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအားလုံးကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူအများနှင့် စီးပွားရေးဆိုင်ရာပိုင်ဆိုင်မှုများကို ဘေးအန္တရာယ်အမျိုးမျိုး သင့်စေနိုင်ပြီး ထိခိုက်လွယ်မှုကို မြင့်တက်စေသည့်အတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်သည့် လူအဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်တုံ့ပြန်ရေးချဉ်းကပ်မှုမှသည် ဘေးအန္တရာယ်လျှော့ချရေး ကြိုတင်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဆီသို့ ဦးစားပေး ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ချက်များအပေါ် အလေးပေးလာပြီဖြစ်ပါ ကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အနေဖြင့်လည်း…