ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားခရိုင် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ် ဖခင်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး
မြစ်ကြီးနား စက်တင်ဘာ ၃၀ “သန့်ရှင်းသော ဖခင်များ” ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ် ဖခင်များအတွက် ကျင်းပပြုလုပ်သော ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်၌ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက ဗိုလ်လုပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် လူငယ်လူရွယ်အားကစားသမားများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးကင်းစင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်ဖခင်များအတွက် ယခုလို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာစေမည့်အပြင် မိမိတို့၏ သားငယ်/သမီးငယ်များကိုလည်း အားကစားဘက်တွင် စိတ်ပါဝင်စားလာအောင် ဆုံးမသွန်သင်လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ ကြသူများအားလုံးကို အထူးပင်ကျေးဇူး…