ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး၊ ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းခွင်အတွင်း မြစ်ရေမြင့်တက်လာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဧပြီ ၂၅ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် အောင်မြင်မှုရရှိရေးအတွက် အားကစားသမားများအား ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက် ၉ နာရီက အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အားကစားကွင်းအတွင်း အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်အဖြစ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများနှင့် နည်းပြများကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားသမားများနှင့် နည်းပြများအားလည်းကောင်း၊ အဆိုပါကွင်းအတွင်း နွေရာသီ အခြေခံဘောလုံးသင်တန်းတက်ရောက်နေသော အားကစားသမားများအားလည်းကောင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက်…