ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ကြီးမြှင့်မှုမှကာကွယ်နိုင်ရေး ရေလျှံတား အုတ်ရိုးစီကာရံခြင်းလုပ်ငန်း၊ သဲသောင်တူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်အဖြစ်သာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး၊ MSME ပြခန်းနှင့် ဈေးရောင်းပွဲတော်အား သွားရောက်ကြည့်ရှုအားပေး
မြစ်ကြီးနား ဧပြီ ၃ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြှင့်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကျောက်စီရေထိန်းနံရံ၊ ရေတံခါးများနှင့် ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်း စီမံကိန်းများအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၃ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ မြစ်ရေကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် စည်ပင်သာယာဆိပ်ကမ်းမှ We Love Myitkyina ဆိုင်းဘုတ်အထိ မြစ်ရေမြင့်တက်မှု ၁၄၅၀ စင်တီမီတာ အမြင့်ထိ ကာကွယ်ထားနိုင်သည့် ရှိပြီးသားကျောက်စီရေထိန်းနံရံပေါ်တွင် ရေလျှံတားနံရံ (အုတ်ရိုးစီကာခြင်း)လုပ်ငန်း အပိုင်း(၁) အဖြစ် အရှည်ပေ အလျား ၁၂၉၅ ပေ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်…