ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၂၄ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ကလာမည့်နှစ်အတွက် ဘဏ္ဍာငွေလျာထားတင်ပြမှု စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ နယ်မြေ လုံခြုံရေးအခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများကို ချိန်ဆသုံးသပ် ပြီး ဦးစားပေးလျာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျာထားတောင်းခံတင်ပြလာသည့် လုပ်ငန်း များ အပြည့်အဝသုံးစွဲနိုင်ရေးနှင့် လေလွင့်မှုမရှိစေရေးအတွက် အလေးထားဆွေးနွေးကြစေလို ကြောင်းနှင့် အထူးသဖြင့် စီမံကိန်းလုပ်ငန်းလျာထားမှုများကို မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေ ရေးအတွက် ပြည်နယ်အတွက် ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်ကြစေလိုကြောင်း…