ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးညှင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
မိုးညှင်း ဇွန် ၄ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် ပြည် နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တူ ဇွန် ၃ ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့သို့ သွားရောက် ကြသည်။ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့၊ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံရေးပြောင်းလဲမှုအခြေအနေများတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည့် အခြေအနေမှန်များ၊ နိုင်ငံတော်အနေဖြင့် ဦးတည်ချက် (၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားကာ နိုင်ငံဝန်ထမ်းများအနေဖြင့်…