ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူအသိပညာပေးစုပေါင်းပျိုးထောင် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအားကြည့်ရှုအားပေး

မြစ်ကြီးနား   သြဂုတ် ၄          ကချင်ပြည်နယ်အတွင်းမိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများနှင့်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး တောင်သူအသိပညာပေးခြင်းနှင့် လိုအပ်သည်များဖြည့်ဆည်းထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများနှင့်အတူ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း စုပေါင်းပျိုးထောင် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ဗလမင်းထင်စံပြစိုက်ကွင်း၌ စံပြစိုက်ကွင်းအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ ပေါင်းစပ်စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ ကောက်စိုက်ရာတွင်လည်း ကောက်ကွက်ပြည့်မီရေးသည် အဓိကဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စာရင်းဇယားများအရ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စပါးစိုက်ဧက ၄၇၄၄၇၇ ရှိသည့်အနက် ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်းသည့် ဧက ၇၅၀၀၀ ကျော်တွင် တစ်ဧကအထွက်နှုန်း (၈၇ ဒဿမ ၉၁)တင်း ရရှိခဲ့သည့်အတွက် ရိုးရိုးပျိုး၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုများဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၂          ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ် ၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက “ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီ” တေးသီချင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်  သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအနေဖြင့် နယ်မြေဒေသအခက်အခဲအမျိုးမျိုးကြားက ကြိုးစားပြီးသင်ကြားသင်ယူမှုများကို ဆောင်ရွက်ခဲ့ကြသလို သဘာဝဘေးအန္တရာယ်ကြောင့် စာမေးပွဲကိုလည်း (၂) ကြိမ်ကြိုးစားပြီး ဖြေဆိုခဲ့ရပါကြောင်း၊ ယခုနှစ်စာမေးပွဲတွင် (၈၅၈၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၁၀၀)ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း (၄၇ ဒဿမ…

Read More

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များတွင် အသုံးပြုမည့် ဘထ္ထရီများအတွက် ဘထ္ထရီအားသွင်းစက်အသုံးပြုနည်းသင်တန်းဖွင့်လှစ်၊   နိုင်ငံ့ဝန်ထမ်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်ကျောင်းသား/ ကျောင်းသူများအား မဲပေးစက် အသုံးပြုနည်းသင်တန်းများနှင့် မဲပေးစက်အသုံးပြု လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

မြစ်ကြီးနား   သြဂုတ် ၁          ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းများနှင့် မဲပေးစက်အသုံးပြု လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သြဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီခွဲကလည်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုမည့် ဘထ္ထရီများအတွက် ဘထ္ထရီအားသွင်းစက်အသုံးပြုနည်းသင်တန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ သင်တန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ သင်တန်းသား/ သင်တန်းသူ (၂၂)ဦးတို့အား မဲပေးစက်တွင် အသုံးပြုမည့် ဘထ္ထရီ၏ဖွဲ့စည်းပုံနှင့်ဘထ္ထရီအားသွင်းစက်အသုံးပြုပုံများနှင့်စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စာတွေ့အဖြစ် သင်ကြားပို့ချပေးခဲ့ပြီး မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ မဲပေးစက်များမှ ဘထ္ထရီများဖြင့်  လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။           ထို့အပြင် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်နယ်အတွင်း မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းအား မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ သင်တန်းသား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  သြဂုတ် ၁          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်စေရေး လူထုပူးပေါင်းပါဝင်သည့် စုပေါင်းသန့်ရှင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရိယာအတွင်းရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။           ထိုသို့ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အေးမြသာယာရပ်ကွက် သံလမ်းကူးလမ်းဆုံနေရာမှ ဂျာမိုင်ကောင်းရပ်ကွက်၊  မြို့သစ်ကြီးကွက်သစ်၊ မြေမြင့်ရပ်ကွက်၊ မိုင်းတဲကွေ့လမ်းဆုံ၊ ရန်ကြီးအောင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားဘူတာအထိ မီးရထားသံလမ်းတစ်လျှောက် အပိုင်း (၈) ပိုင်းဖြင့်  နေရာခွဲဝေသတ်မှတ်ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများနှင့် စိမ်းလန်းစိုပြည်ရေးအဖွဲ့များ၊…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးစည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းသား/သမီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၃၁          ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/ သမီး ကျောင်းသား/ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ယနေ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်သူများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာရေးကို ဆက်လက်ဆည်းပူးလေ့လာနိုင်ပြီဖြစ်သည့်အတွက် မိသားစုများနှင့် ထပ်တူဂုဏ်ယူပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုနိုင်သော သားကောင်းရတနာဖြစ်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဂုဏ်ပြုချီးမြှင့်ပွဲနှင့်စပ်လျဉ်း၍ ချီးမြှင့်ဂုဏ်ပြုသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။           ထို့နောက်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းအား တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇူလိုင် ၃၁          ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ရှိ ကျောင်းသား/ကျောင်းသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။           အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေး ခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦး၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကော်မရှင်အရာရှိ ဦးကျော်စိုးအောင်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မဲပေးစက်အသုံးပြုပုံ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ မဲပေးခြင်းစနစ်တို့အား ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောပေးမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီး၊…

Read More

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးမှုအား ကြည့်ရှုစစ်ဆေး၊ မိုးညှင်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်များအား ထောက်ပံ့ပေးအပ်

မြစ်ကြီးနား   ဇူလိုင်၃၁          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မူလတန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အပတ်စဉ်တစ်ပတ်လျှင် (၂)ရက် ကျွေးမွေးလျက်ရှိရာ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ကလေးများအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက သွားရောက်အား ပေးခဲ့ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ KG ကလေးငယ်များအား ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ အဖွဲ့ ဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကျွေးမွေးခဲ့ကြသည်။           အလားတူ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ မဉ္ဇူခန်းမ၌ KG ကလေးငယ်များအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းများနှင့် ခရိုင်အတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တွေ့ဆုံပွဲများနှင့် ကွင်းသရုပ်ပြပွဲများသို့ တက်ရောက်၊ နမ္မတီးမြို့ရှိ ယာယီစခန်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မိုးညှင်း        ဇူလိုင် ၃၀          ကချင်ပြည်နယ်၏ စပါးကျီခရိုင်တစ်ခုဖြစ်သည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြှင့်မားလာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ်တို့သည့် မိုးညှင်းတပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်၊ ကော လိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့်အတူ မိုးညှင်းမြို့ မြို့တော်ခန်းမဘေးရှိ မြေကွက်လပ်တွင် ရတနာတန်းဝင် ကျွန်းပင်၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် ဟိုပင်မြို့၌ ဌာနဆိုင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ စာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၊ ဒေသတွင်းဆန်စပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆန်စက်၊ ဆီစက်များ အဆင့်မြှင့်တင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား        ဇူလိုင်  ၂၉ ကချင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုအများဆုံးနှင့် အဓိကစိုက်ပျိုး‌ရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ဆန်စက်၊ ဆီစက်များ အဆင့်မြင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဟိုပင်ဒေသအတွင်း ဒေသခံပြည်သူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ဟိုပင်မြို့ မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျောမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယနှင့် အကောင်းဆုံးကစားသမားဆုများရရှိခဲ့သော အောင်ပွဲရအသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ငွေကျပ်သိန်း ၃၀၀ ကျော် ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၂၈          ၂၀၂၅ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့်အပြင် ဂိုးသမားအကောင်းဆုံးဆုနှင့် အလယ်တန်းအကောင်းဆုံး ဆုများကိုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဂုဏ်ပြုညစာဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။           အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အသင်းအနေဖြင့် တံခွန်စိုက်ဆုကို ရယူရန်အတွက် နောက်ဆုံးဖိုင်နယ်အထိ ရေကုန်ရေခမ်းကြိုးစားခဲ့ပြီး ဒုတိယဆုနှင့်အတူ အကောင်းဆုံးကစားသမားဆုများကိုပါ ဂုဏ်ယူစရာရယူပေးနိုင်ပါကြောင်း၊ အကောင်းဆုံးခြေစွမ်းဖြင့် အသင်းလိုက်စုစည်းမှု၊ စည်းကမ်းရှိမှုနှင့် ဇွဲလုံ့လကို ချီးကျူးပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အပြင် ပြည်နယ်သူ/ ပြည်နယ်သားများအားလုံးကလည်း ဂုဏ်ယူနေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြိုင်ပွဲကို စံနမူနာယူပြီး…

Read More