ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ခရစ်ယာန်အသင်းတော်အသီးသီးနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းဝတ်ပြုခြင်း အစီအစဉ်သို့တက်ရောက်
မြစ်ကြီးနား ဇွန် ၁၆ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ခရစ်ယာန်အသင်းတော်များနှင့် တွေ့ဆုံမိသဟာယဖွဲ့ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းဝတ်ပြုခြင်းအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အစီအစဉ်တွင် ခရစ်ယာန်အသင်းတော်အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်များနှင့်အတူ အသင်းတော်တာဝန်ရှိသူများ၊ ကျမ်းစာသင်ကျောင်း တက်ရောက်နေသော သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး မိတ်ဆက်တွေ့ဆုံခြင်း၊ ဓမ္မတေးသီချင်းများသီဆိုခြင်း၊ သိက္ခာတော်ရကျောင်းအုပ်ဆရာတိုက်ချွန်းစိန်က ကြိုဆိုနှုတ်ခွန်းကားပြောကြားပြီး ခရစ်ယာန်ငြိမ်းချမ်းရေးနှင့် ကူညီထောက်ပံ့ရေးဗဟိုနာယက ဦးစေထွန်းအောင်မြင့်က ငြိမ်းချမ်းရေးဆုတောင်းခြင်းအတွက် ပြောကြားပြီး ဓမ္မတေးသီချင်းများဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူက ငြိမ်းချမ်းမှုရေးသည် ယနေ့လူသားအားလုံးနှင့် သက်ဆိုင်သည့်…