ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ ပလနကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာအုပ်စုတို့အတွင်း မိုးစပါးစိုက်လယ်များ အချိန်မီစိုက်ပျိုးနိုင်ရေး၊ အောင်ရေရရှိရေးနှင့် ဧကအလိုက် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မေ ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီက ပလနကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်လယ်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့မှ အရာထမ်းများ၊ တာဝန်ရှိသူများနှင့်အတူ နောင်နန်းကျေးရွာအုပ်စု၊ လီဆူအရှေ့ကွင်းသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများနှင့်အတူ ကွင်းအမှတ် (၃၉)အတွင်း တောင်သူပေါင်း (၁၀၉)ဦးပိုင် မိုးစပါးစိုက် လယ်ဧရိယာစုစုပေါင်း (၃၈၃)ဧကကျော်အတွင်း မိုးစပါး စိုက်ပျိုးနိုင်ရေး ထယ်ရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်…